၂၀၂၂ တုန်းက ကျမတို့ရဲ့ ထွန်းသောက်ရေသန့် လုပ်ငန်းလေးက Impact Hub ရဲ့ UN Women ကနေ ထောက်ပံ့ပေးတဲ့ Resilience Program ကနေ Grant Winner ဖြစ်ခဲ့ တာကြောင့် လုံးဝ ရပ်တန့် နေတာကနေ လုပ်ငန်းကို အချိန်တိုအတွင်း ပြန်လည် လည်ပတ်နိုင်ခဲ့ပါတယ်။
Program တွေမှာ စိတ်ဝင်စားစရာ အရမ်းများတဲ့ လုပ်ငန်းတွေကြား ကိုယ့်လုပ်ငန်းကို အကဲဖြတ်တဲ့ သူတွေ စိတ်ထဲ အထိ ရောက်သွားဖို့ အရမ်း အရေးပါခဲ့တဲ့ Pitch Deck လေး ဖြစ်ဖို့ကတော့ အကြောင်းအရာ ၃ ခု ဘဲလိုပါတယ်။
Problem Statement - ဘာတွေက ပတ်ဝန်းကျင်မှာ ပြသနာတွေဖြစ်နေတာလဲ။
Solution - သင်က ပြသာတွေ ဖြေရှင်းတဲ့နေရာမှာ ဘယ်လိုတွေ ပါဝင်နေတာလဲ။
Impact - သင့်ရဲ့ လုပ်ငန်းကြောင့်ဘာတွေ ပြောင်းလဲသွားမှာလဲ။
ကျမရဲ့ Grant Winner ဖြစ်တုန်းက သုံးခဲ့တဲ့ Pitch Deck လေးကို စာဖတ်သူတွေ ကိုးကားဖို့ အတွက်ရည်ရွယ်ပါတယ်။

0 Comments